Gasoline Engine Control (Automotive Technology) Training

​ယနေ့မျက်မှောက်ခေတ်ရေစီးကြောင်းအရ အသိပညာ၊ အတတ်ပညာများသည် တနေ့တခြားတိုးတက်လာနေသောကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မော်တော်ယဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း (Automotive Repairing Services) များသည်လည်းတိုးတက် ပြောင်းလဲရန် လိုအပ်နေပါသည်။သို့ဖြစ်ပါ၍ B2K Global Company Limited ၏ Engineering Technology Education ၏ ကူညီပံ့ပိုးမှုဖြင့် အမှတ်စဥ် (၁)Gasoline Engine Control နည်းပညာသင်တန်းအား (၃၀၅) ၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်၊ စစ်တွေမြို့နယ်၊ ရခိုင်ပြည်နယ်၌ ဧပြီလ ၂၃ ရက်B.နေ့ မှ ၂၅ ရက်နေ့ အထိ(၃)ရက်တိုင်တိုင် အချိန်ပြည့်သင်တန်း ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ဤသင်တန်း၌ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ များမှမော်တော်ယဥ်ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများမှTechnician (၁၅) ဦး၊ နည်းပညာတက္ကသိုလ် (စစ်တွေ)မှ B.E (Mechanical Engineering) ဘွဲ့ရရှိသူများနှင့် နောက်ဆုံးနှစ်ကျောင်းသားများ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြသည်။ စုစုပေါင်း သင်တန်းသားဦးရေ (၃၀) တက်ရောက်ခဲ့ကြသည်။

လက်တွေ့သင်ကြားနေပုံ
သင်တန်းသားများဖြင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း
သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း