“B2K Distributionသည် လူကြီးမင်းတို့ ရောင်းချလိုသည့် ကုန်ပစ္စည်းများအား အလွယ်တကူဝယ်ယူပြီး လူကြီးမင်းတို့ထံသို့ အရောက်ပို့ဆောင် ရောင်းချပေးလျက်ရှိပါသည်”

📲 ဖုန်းမှတဆင့် အော်ဒါမှာယူနိုင်ခြင်း။

🚛ဝယ်ယူသည့်ကုန်ပစ္စည်းများအား အမြန်ဆုံးပို့ဆောင်ပေးခြင်း။

👉 ကုန်ပစ္စည်းများအား နေ့စဥ်ကာလပေါက်စျေးဖြင့် ဝယ်ယူနိုင်ခြင်း။

အရောင်းဌာန ဖုန်းနံပါတ် – 09444253711 သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ဝယ်ယူသူ ဖောက်သည်များနှင့် B2K Distribution၏ ဆက်ဆံရေးမူဝါဒ

👉 B2K မှ ရောင်းချပေးလျက်ရှိသည့် ကုန်ပစ္စည်းများအား ဖုန်းဖြင့်လည်းကောင်း၊ B2K အရောင်းကား ရောက်ရှိလာသည့် အချိန်တွင်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။•B2Kမှ ဖြန့်ချိခွင့်မရရှိထားသည့် ကုန်ပစ္စည်းစျေးနှုန်းများသည် နေ့စဥ်နှင့်အမျှ စျေးကွက်အတွင်း ပြောင်းလဲမှုများရှိပါသဖြင့် ကျွန်ုပ်တို့သည် လုပ်ငန်း၏တွက်ခြေ ကိုက်မည့် စျေးကွက်ပေါက်စျေးဖြင့် ရောင်းချပေးနေရခြင်းကို နားလည်ပေးစေလိုပါသည်။•B2Kမှ ဖြန့်ချိခွင့်ရရှိထားသည့် ကုန်ပစ္စည်းဖြစ်ပါက ယင်းကုန်ပစ္စည်းစျေးနှုန်း အတက်/အကျနှင့် ပတ်သတ်၍ ဝယ်ယူသူများထံသို့ ကြိုတင်အသိပေးပြီးမှသာ ရောင်းချပေးသွားမည်ဖြစ်ပါသည်။

👉 B2Kအရောင်းဝန်ထမ်းများထံမှ ကုန်ပစ္စည်းများ ဝယ်ယူချိန်တွင် စျေးနှုန်းများအပေါ်တွင် သံသယဖြစ်ပေါ်ပါကလည်းကောင်း၊ ဝယ်ယူသည့် ကုန်ပစ္စည်းတွင် ပြန်လည်ရောင်းချရန် မသင့်သည့် အားနည်းချက်များပါရှိလာပါကလည်းကောင်း Customer Service သို့ ဖုန်းဆက်၍ တိုင်ကြားနိုင်ပါသည်။

👉 ကြိုတင်ဝယ်ယူသည့် ကုန်ပစ္စည်းများအား ပို့ဆောင်ပေးခြင်းနှင့်ပတ်သတ်၍ B2K ဝန်ထမ်းများမှ လူကြီးမင်းအား ကြိုတင်ရှင်းလင်းအကြောင်းမကြားဘဲ ကတိကဝတ် တစ်စုံတစ်ရာ ပျက်ကွက်ခဲ့ပါက Customer Serviceသို့ ဖုန်းဖြင့်ဆက်သွယ်၍ ချက်ချင်းတိုင်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

👉 B2K Distribution ကို စီမံခန့်ခွဲသူများနှင့် ဝန်ထမ်းများအားလုံးသည် ဝယ်ယူသူများ၏ အကျိုးစီးပွားဖြစ်ထွန်းရန် အစဥ်ရှေ့ရှု၍ ကြိုးပမ်းလျက်ရှိပါသည်။

👉 ကျွန်ုပ်တို့ပေးသည့် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများသည် လူကြီးမင်းတို့အတွက် အမြဲအကျိုးဖြစ်ထွန်းစေသည့်အလျောက် B2K ၏ ဆောင်ပုဒ် ”Your Trusted Partner” အတိုင်း လူကြီးမင်း၏ ယုံကြည်ရသော ပါတနာအဖြစ် အမြဲလက်တွဲ လျှောက်လှမ်းကြမည်ဟု ယုံကြည်အပ်ပါသည်။