လူမှုပတ်ဝန်းကျင်နှင့် B2K

Responsible Business (တာဝန်သိစီးပွားရေးလုပ်ငန်း) တစ်ခုအဖြစ်ရပ်ရွာအသိုင်းအဝိုင်းသို့အကျိုးပြုဆောင်ရွက်သွားမည်။

ကျွန်ုပ်တို့သည် အကျိုးအမြတ်များကို ကုမ္ပဏီတစ်ခုတည်းအပေါ်တွင်အခြေမခံဘဲ ရခိုင်ပြည်နယ်အတွင်း လူမှုဘဝနှင့် ပတ်ဝန်းကျင်အတွက်ပါ ခွဲဝေအသုံးချသွားမည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်သည့် ကျွမ်းကျင်မှု သင်တန်းများကို ပံ့ပိုးကူညီမည် ဖြစ်ပါသည်။

ယနေ့မျက်မှောက်ကာလတွင် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ယင်းသို့ ပျက်စီးဆုံးမှုများမှ ကာကွယ်ရန်ကြိုးပမ်းလျက်ရှိသည့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေသခံအဖွဲ့စည်းများဖြင့် ပူးပေါင်းလျက် မှန်ကန်သောနည်းလမ်းဖြင့် ပံ့ပိုးကူညီ ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

လက်ရှိဆောင်ရွက်လျက်ရှိသည့် လူမှုဘဝဖွံ့ဖြိုးရေး လှုပ်ရှားမှုမှာ-

B2K Global Co., Ltd. သည် Arrakha Human Life Development Education Center (AHLDEC) အာရက္ခလူမှု့ဘဝ ဖွံ့ဖြိုးရေးပညာသင်ကျောင်းတစ်ခု ဖြစ်မြောက်လာရေးအတွက် AHLDEC တည်ထောင်သူ ဒေါက်တာဦးသီဟနှင့် လက်တွဲ၍ အဓိက အခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

MD ဦးစိုးဝင်းနိုင်မှ AHLDEC လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြား
ဒေါက်တာဦးသီဟမှ AHLDEC၏ မျော်မှန်းချက်၊ ရည်မှန်းချက်များ ရှင်းလင်းပြောကြားစဥ်
ကလေးဂေဟာသို့ မုန့်များလှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ABC ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးစင်တာသို့ B2K Global Co., Ltd. မှ B&B အမှတ်တံဆိပ် ကွတ်ကီးနှင့် ကိတ်ခြောက်ဗူး ၁၂၀ တို့အား ဒီဇင်ဘာလ၊ ၁၅ရက်၊ ၂၀၂၁ ခုနှစ်တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

ဂေဟာမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း

Automotive Gasoline Engine Training

ကားပြုပြင်ရေးများတွင် လုပ်ကိုင်နေသာ လူငယ်များ ခေတ်မှီ ကားအင်ဂျင်များပြုပြင်ခြင်းနှင့် ပတ်သတ်၍ တတ်ကျွမ်းနားလည်စေရန် B2K Global Co., Ltd. မှ ဦးစီး၍ ၂၀၂၁ခုနှစ်၊ ဧပြီလ၊ ၂၃ရက်မှ ၂၅ရက်နေ့အထိ (၃)ရက် သင်တန်းတစ်ခုကို အတတ်ပညာရှင်များနှင့် ပူးပေါင်းသင်ကြားပေးခဲ့သည်။

ရခိုင်ပြည်နယ် MSMEs လုပ်ငန်းများတိုးတက်ရေးတွင် ပူးပေါင်းပါဝင်

ရခိုင်ပြည်နယ်အတွင်း SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် SMEs လုပ်ငန်းရှင်များ အသင်းကို မတ်လ (၁၄)ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်လိုက်သည်။

အဆိုပါအသင်းအဖွဲ့အစည်းတွင် B2K Global Co., Ltd. မှ Managing Director ဦးစိုးဝင်းနိုင်က ဒု-ဥက္ကဌ (၂) တာဝန်ကို ထမ်းဆောင်ပေးလျက်ရှိပြီး အသင်း၏ ယာယီရုံးခန်းနေရာအား B2K ရုံးချုပ်တွင် ရုံးခန်းနေရာ လှူဒါန်းလိုက်သည်။

MSME Association Rakhine အသင်း ရွေးကောက်ပွဲကျင်းပခြင်း မှတ်တမ်းဓါတ်ပုံ